Friday, February 5, 2010

ဆော့ဝဲမလိုတဲ့ ဖိုင်(သို့) ဖိုဒါဖွက်နည်း ၁




ဆော့ဝဲမလိုတဲ့ ဖိုင်(သို့) ဖိုဒါဖွက်နည်း ၁

ဒီတခေါက်တော့ သူငယ်ချင်းတို့ကို ဖိုဒါ (သို့) ဖိုင်လေးတွေကို ဆော့ဝဲမလိုပဲ ဖွက်တဲ့နည်းကိုပြောပြပါ့မယ်။ ဒီနည်း ကတကယ်တော့ကျနော်လည်း ဘလော့တကာ၊ ၀ပ်ဆိုက်တကာ လှည့်လှည်ဖတ်ရှု့ရင်းနဲ့သိခဲ့ရတာပါ၊ ၀င်ခံရရင် သူများတွေ ပိုစ်တင်ထားတာ တောတော်ကြာနေပါပြီ ကျနော့်အိမ်လေးကိုလာလည်တဲ့ သူငယ်ချင်းတွေစုံလင်စွာ ဖတ်နိုင်အောင်လို့တင်ပေးတာပါ။ ကျနော့်ရှေ့ကရေးခဲ့တဲ့ အကိုတွေအမတွေကို ဒီနေရာလေးကနေ ရေးဖို့ခွင့်တောင်းလိုက်ပါတယ်။
ကဲစမယ်ဗျာ...

ပထမဦးဆုံး သူငယ်ချင်းတို့ Dreve D ထဲမှာဖိုင်အသစ်တခု လုပ်လိုက်ပါ။ အဲဖိုင်ကို နာမည်ပေးလိုက်ပါ ဥပမာ 11လို့လွယ်လွယ်ပဲပေးလိုက်ပါ။ 



ဒုတိယအနေနဲ့ RUN BOX ဘောက်ကိုဖွင့်လိုက်ပါ။ အဲသည့် RUN BOX ထဲမှာ Attrib +s +h D:\11 လို့ရိုက်ထည့်ပြီး Ender (သို့) OK ပေးလိုက်ပါ။



သူငယ်ချင်း အသစ်လုပ်ထားတဲ့ 11 ဆိုတဲ့ဖိုင်လေးကို သွားကြည့်လိုက်ပါ။ လုံးဝရှာမတွေ့တော့ပါဘူး။ ဟာပျောက်သွားပြီ ဆိုပြီးမျက်လုံးတော့မပြူး သွားပါနဲ့။ ပြန်ဖော်တဲ့နည်း ပြောပြပါမယ် သည်လိုပါ......
ခုဏကအတိုင်း RUN BOX ကိုဖွင့်လိုက်ပါ၊ အဲထဲမှာ Attrib -s -h D:\11 လို့ရိုက်ထည့်လိုက်ပါ။ 




သူငယ်ချင်းဖွက်
ထားတဲ့ 11 ဆိုတဲ့ဖိုင်လေး Dreve D ထဲမှာပြန်ပေါ်လာတာကိုတွေ့ရမှာပါ။
D အထဲမှာမဟုတ်ပါဘူး C ဒါမှမဟုတ် USB ထဲမှာလည်း ဖွက်လို့ရပါတယ်။ D:\ နေရာမှာ C:\ ...စသဖြင့် ဉာဏ်သွားသလို အသုံးချလို့ရပါတယ်။ 

ကျနော်ကတော့ D ထဲမှာပဲထားတယ်။ ဘာလို့ဆိုတော့ မတော်တဆ ကွန်ပြူတာတစုံတခုဖြစ်သွားခဲ့ရင် D ကစိတ်ချရတယ်လေ။ အဲလိုပဲ 11 နေရာမှာလည်း ကိုယ်ကြိုက်တဲ့နာမည်
ပေးလို့ရပါတယ်။ ဖွက်တဲ့အခါနဲ့ ဖော်တဲ့အခါမှာသာ နာမည်တူဖို့လိုပါတယ်။

ကဲသူငယ်ချင်းတို့ ရဲ့အရေးကြီးတဲ့ ဖိုင်တွေ၊ ဖိုဒါတွေကို အခြားသူဖွင့်ဖို့မပြောနဲ့ တွေ့တောင်မတွေ့ရမယ့် နည်းလေး စမ်းကြည့်လိုက်ပါဦး......။  ။
သူငယ်ချင်းတို့အနေနဲ့ ကျနော့်အိမ်လေးကို ၀င်လည်ပြီး အကြံပြုချင်တာတွေ၊ အကြံဉာဏ်တောင်းချင်တာ
တွေရှိခဲ့ရင် ဆီပုံးထဲမှာဖြစ်ဖြစ် ကွန့်မန့်မှာဖြစ်ဖြစ်ပြောခဲ့နိုင်ပါတယ်။ ။
 အပေါ်မှာတင်ထားတဲ့ ဓါတ်ပုံကိုတော့ www.kotaku.com မှယူသုံးထားတာဖြစ်ပါတယ်။ ။

No comments:

Post a Comment