၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲ - ဇကာတင်သူများစာရင်းတွင် ဘားမားဗီဂျေ ပါဝင်
ကိုးကား - အေပီသတင်း
ဖေဖော်ဝါရီ ၂၊ ၂၀၁၀
ဖေဖော်ဝါရီ ၂၊ ၂၀၁၀
၂၀၀၉ ခုနှစ်အတွက် ကျင်းပမည့် ၈၂ ကြိမ်မြောက် အော်စကာဆုပေးပွဲအတွက် နောက်ဆုံးဇကာတင်သူများ (ဆုစာရင်းတင်သွင်းခံရသူများ၊ ဇာတ်ကားများ) တွင် မြန်မာပြည် ၂၀၀၇ သံဃာ့အရေးတော်ပုံအကြောင်း မှတ်တမ်းတင်ရုပ်ရှင် “ဘားမားဗီဂျေ” က မှတ်တမ်းတင်ရုပ်ရှင်ကား အမျိုးအစား အော်စကာဇကာတင် ၅ ငါးတွင် တကားအဖြစ် စာရင်းတင်သွင်းခြင်း ခံထားရသည်။
အခြားဇကာတင် ၄ကားမှာ - The Cove - ဂျပန်နိုင်ငံအခြေပြု တိရစ္ဆာန်ညှင်းပန်းမှုများ မှတ်တမ်းတင်ကား၊ Food Inc - အမေရိကန်အခြေပြု စားသောက်ကုန်ကုမ္ပဏီကြီးများ၏ လက်ဝါးကြီးအုပ်မှု မှတ်တမ်းတင်ကား၊ The Most Dangerous Man in America: Daniel Ellsberg and the Pentagon Papers - အမေရိကန်အခြေပြု၊ သမ္မတနစ်ဆင်လက်ထက် ပင်တဂွန်စစ်ဌာချုပ်နှင့် ဗီယက်နမ်စစ်ပွဲ အရှုပ်တော်ပုံ မှတ်တမ်းတင်ကား၊ နှင့် Which Way Home - မက္ကစီကိုနှင့် အမေရိကန်အခြေပြု မက္ကစီကန်ကလေးငယ်တို့ အမေရိကန်ပြည်တွင်းသို့ ပြောင်းရွှေ့အခြေချရန် ကြိုးစားကြပုံ မှတ်တမ်းတင်ကား တို့ ဖြစ်ကြသည်။
စစ်အုပ်စုရဲ့ ရက်စက်ယုတ်မာမှုကို မှတ်တမ်းတင်ထားတဲ့ ဒီရုပ်ရှင်ကို အော်စကာပေးမယ်ဆိုတော့ ၀မ်းသာရ မလို ၀မ်းနည်းရမလို ခံစားရပါတယ်။ ဘာကြောင့်လည်းဆိုတော့.....
မြန်မာနိုင်ငံမှာ ရုပ်ရှင်ဇာတ်ကားတွေကို တနှစ်တနှစ်ကို အတော်လေးကြိုးစားပြီးရိုက်ကြပါတယ်။ ဒါရိုက်တာ တွေရော မင်းသမီး၊ မင်းသာတွေပါ အတော့်ကိုတပင်တပန်းရိုက်ကြပါတယ်။ ဒါပေမယ့် ဆင်ဆာဆိုတဲ့ မာရ်နတ် ကြောင့် သူတို့ခင်မျာ ကြိုးစားသလောက် အရာမထင်ကြပါဘူး။ အော်စကာမပြောနဲ့ အကယ်ဒမီဆု ကိုတောင် စစ်အုပ်စုကို ဖားတာတွေများတဲ့ ဇာတ်လမ်းမျိုးကိုမှ ပေးတာမျိုးပါ။
ဒီတော့ ရုပ်ရှင်ဆိုတဲ့ အနုပညာဟာ ပြည်သူအတွက်ဆိုတာထက် စစ်အုပ်စုအတွက်ဝါဒဖြန့်ရာ ယန္တယားဖြစ် နေခဲ့တာ တော်တော်ကြာပါပြီ။ ပြည်သူဘက်က ဆိုတဲ့ အနုပညာသမားတွေဆိုရင်လည်း နရသိမ်ထဲပို့ရင်ပို့၊ မပို့ရင် ရုပ်ရှင်ရိုက်ခွင့်၊ သီချင်းဆိုခွင့်၊ စာရေးခွင့်စတဲ့ သူ့အနုပညာ ခြေလက်တွေကို ချုပ်နှောင်ထားလိုက်ပါ တယ်။
ရုပ်ရှင်နဲ့ ပါတ်သက်တဲ့ တိုးတက်မှု ဘယ်မှာလဲ?????
ဒါကပထမ အချက်ပါ။
ဒုတိယအချက်ကတော့....
စစ်အုပ်စုရဲ့ ရက်စက်ကြမ်းကြုတ်မှု ဖြစ်တဲ့ စက်တင်ဘာရွှေဝါရောင် မှတ်တမ်းတင်ရုပ်ရှင်ကို ကမ္ဘာရုပ်ရှင် လောကရဲ့ အမြင့်ဆုံးသရဖူလို့ ပြောလို့ရတဲ့ အော်စကာစာရင်းထဲမှာ ၀င်ချိတ်နေတယ်ဆိုတော့... ကျနော့် အမြင်ကိုအကြံပြုရရင် စစ်အုပ်စုကိုသာ အော်စကာပေးလိုက်ပါလို့ တိုက်တွန်းချင်ပါတော့တယ်။ ။
ရုပ်ရှင်လေးကို အားပေးလိုက်ပါဦး
No comments:
Post a Comment