Wednesday, October 21, 2009

သူပုန်လူငယ်ရဲ့ အနာဂတ်



photo by drlunswe.blogspot.com

ကံကြမ္မာကို စစ်ခင်းမယ့်
 နံနက်ခင်းတို့ရေ
သူပုန်ဘ၀ ညခင်းမှာ
 လမင်းမသာတလှည့်
သာတလှည့်ပေါ့ ။

လေညှင်း တခင်း
မနက်အလင်းရောင်
ဒါတွေအရောက်
ငါပို့လိုက်မယ်
လန်းဆန်းပါစေ
သူပုန်လူငယ် တယောက်ရဲ့
ချစ်သူ အမေ ညီ..ညီမ လေးတို့ရေ...။
သားတို့အပြန်လမ်းတွေ
အမှောင်ခြမ်းရောက်နေလည်း
ကြိုနေပါအမေ...။

ယုံကြည်ချက်အတွက်
သားတို့အိမ်မက်တွေ 
တရိပ်ရိပ်တက်လို့
ဆက်မက်နေဆဲပါ အမေ...။

မနက်ဖြန်အတွက် အသက်ဆက်ချိန်တိုင်မှာ
အမေညီမလေး..
မနက်ဖြန်အတွက် ချီတက်နေတိုင်းမှာ
အမေ..ညီမလေး...။. 

အမေရဲ့ လက်ခုတ်သံ
ညီမလေးရဲ့ အားပေးတဲ့ဟန်တွေနဲ့
အသက်ဆက်။

သားတို့ရဲ့ နံနက်တွေတိုင်းမှာ
အသစ်သစ်အတွက်
သားတို့ရဲ့ ပဌ္ဖမမြောက် 
အိမ်မက် 
အာရုံတက်တဲ့အထိပေါ့ ။

ငိုသဲဝဲ၀ဲ 
ချစ်သူကိုလည်း 
ချစ်နေဆဲပေါ့...။

ဖရိုဖရဲ
ကျနော့်မြို့လေးလည်း
ချစ်ဖို့ကောင်းဆဲ..။

ခေါင်းလောင်းသံတိတ်
စာသင်ချိန်တွေ ပိတ်တဲ့
ကျောင်းတော်ကြီးလည်း
လွမ်းဖို့ကောင်းဆဲ..။

ချစ်သူ
မြို့ငယ်
စာသင်ကျောင်းရယ်
သူပုန်လူငယ်တယောက်ရယ်
ဒေါနတောင်တန်း
သောင်းရင်းကမ်းမှာ

ယာယီအခြေချလို့ပေါ့.....။

 

No comments:

Post a Comment