ဘ၀အစဖြူလွလွ
သူမအလှကို
မသီကုံးခင်က မွှေးမြနေတယ်
သီကုံးပြီးစ ချစ်သူ့ဆံကေသာအလှမှာ
ဆင်မြန်းပြီးစ မွှေးမြနေတယ်
ဆင်မြန်းလို့ဝ ဖြေချရတော့
မပြစ်ရက်လို့ ထုတ်ပိုးသိမ်းဆဲ
ယွန်းအစ်ထဲမလဲ မွှေးမြနေတယ်
သြော်.. ပန်းခရေရယ်
နွမ်းကြေနေပေမယ့်
အလွမ်းရဲ့ ရနံတွေနဲ့
မွှေးမြနေဆဲ မွှေးနေဆဲပေါ့ ။ ။
ကြခတ် (ရင်း-၈)
ဓါတ်ပုံမူရင်း http://www.facebook.com/photo.php?fbid=480695458613965&set=a.471107566239421.132150.100000205455195&type=1&theater¬if_t=photo_reply
No comments:
Post a Comment