Tuesday, June 12, 2012

တကယ်လို့ အသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကိုလာကြည့်ပါ






















စစ်အကျဉ်းသားထားရာစခန်းဆီ အပို့မခံရခင်က Roddick ဟာ အင်္ဂလန်စစ်တပ်က ယာဉ်မောင်းတစ်ဦးဖြစ်တယ်။
နာဇီတွေက သူ့ကိုဖမ်းမိချိန် ယာဉ်မောင်းသမားလိုလို့ သူ့ကိုထရပ်ကားမောင်းဖို့ စေခိုင်းခဲ့တယ်။ အစာငတ်ပြီး သေသွား
တဲ့အကျဉ်းကျစစ်သား၊ အသတ်ခံရတဲ့ အင်္ဂလန်စစ်သားတွေကို Roddickက နေ့တိုင်း ထရပ်ကားနဲ့တင်ပြီး မြှုပ်နှံဖို့
သယ်ပို့ပေးရတယ်။ တကယ်တော့ စစ်အကျဉ်းသားတွေထဲမှာ ကားမောင်းတတ်သူတွေ မနည်းပါဘူး။ ဒါပေမဲ့ ဘယ်သူ
ကမှ နာဇီရဲ့လက်ကိုင်တုတ်မဖြစ်ချင်ခဲ့ကြဘူး။


Roddickတစ်ယောက်ပဲ ဒီအလုပ်ကို ကျေကျေနပ်နပ်လုပ်ကိုင်ခဲ့တဲ့အပြင် တခြားအကျဉ်းသားတွေကိုလည်း ကန်
ကျောက်လိုက်၊ ဆဲဆိုလိုက်နဲ့ သူအပေါ်စီးဆက်ဆံခဲ့တယ်။ ပိုဒေါသထွက်စရာကောင်းတာက Roddick ဟာ အသက်
မသေသေးတဲ့ အကျဉ်းသားတွေကိုလည်း မြှုပ်နှံဖို့ ကားပေါ်ပစ်တင်တာကိုပါပဲ။ ဒါကြောင့်အကျဉ်းကျစစ်သားတွေက
သူ့ကို မုန်းကြတယ်။ သူ့ကို "နိုင်ငံရောင်းစားတဲ့သူခိုး"၊ "နောက်လိုက်ခွေး"လို့ဆဲဆိုကြတယ်။


စစ်အကျဉ်းသားတွေ သူ့ကိုမုန်းပေမယ့် နာဇီတွေက သူ့ကိုတစ်နေ့တခြား အယုံအကြည်ရှိလာခဲ့တယ်။ စစတုန်းက
အလောင်းတွေ သယ်ပို့ရမှာ Roddick နဲ့အတူ နာဇီစစ်သားတွေ လိုက်ပါတတ်သေးတယ်။ နောက်ပိုင်း သူ့ကိုယုံကြည်
လာတော့ သူ့တစ်ယောက်တည်းပဲ အလောင်းတွေကို သယ်ပို့တော့တယ်။ အကျဉ်းကျစစ်သားတွေက သူ့ကိုအငြိုးထားပြီး
မုန်းကြတာကြောင့် လစ်ရင်လစ်သလို သူ့ကို အသက်အန္တရာယ်ထိခိုက်စေတဲ့အထိအကြိမ်ကြိမ် ဝိုင်းရိုက်ခဲ့ဖူးတယ်။


တစ်ခါက အကျဉ်းကျစစ်သားတွေရဲ့ ရိုက်နှက်ထိုးကြိတ်တာကို Roddickခံရပြီး လက်တစ်ဘက်ဆုံးရှုံးသွားခဲ့တယ်။
လက်တစ်ဘက်မရှိတော့လို့ ကားမောင်းမရတော့တဲ့သူ့ကို နာဇီတွေက ရက်ရက်စက်စက် စွန့်ပစ်လိုက်တယ်။ နာဇီ
အစွန့်ပစ်ခံရတဲ့ Roddick ဟာ အကျဉ်းသားစစ်သားတွေရဲ့ မုန်းတီးရိုက်နှက်မှုကို မကြာခဏခံခဲ့ရပြီး နောက်ဆုံးမှာ
တစ်ယောက်တည်း အထီးကျန်ကျန် ကွယ်လွန်သွားခဲ့တယ်။


ဆယ်စုနှစ်ကျော်ကြာပြီးတဲ့နောက် တစ်ရက်မှာ အင်္ဂလန်သတင်းစာထဲကနေ "ကျွန်တော့်ကိုကယ်ခဲ့သူက ကျွန်တော်
အမုန်းဆုံးသူဖြစ်တယ်" ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ပါခဲ့တယ်။ ဆောင်းပါးထဲမှာ စာရေးဆရာက "ကျွန်တော်အကျဉ်း
ကျခဲ့တုန်းကအကျဉ်းစခန်းမှာ Roddickဆိုတဲ့ သစ္စာဖောက်တစ်ယောက်ရှိခဲ့တယ်။ သူဟာ နာဇီစစ်တပ်အတွက်
အလုပ်တွေလုပ်ပေးခဲ့တယ်။ အဲဒီနေ့က ကျွန်တော်မသေသေးဘူး။ ဒါပေမဲ့ Roddick က အလောင်းတွေမြှုပ်ဖို့
ကျွန်တော့်ကိုပါ အတင်းအဓမ္မကားပေါ် ပစ်တင်ခဲ့တယ်။ အဲဒီနေ့ကကားဟာ လမ်းတစ်ဝက်အရောက်မှာ ရပ်သွားခဲ့
တယ်။ Roddickက သေလုမျောမျောနေတဲ့ကျွန်တော့်ကို သစ်ပင်ကြီးတစ်ပင်အောက် ပွေ့ခေါ်သွားပြီး ပေါင်မုန့်တချို့နဲ့
ရေတစ်ပုလင်းပေးခဲ့တယ်။ အဲဒီနောက် ကျွန်တော့်ကို "တကယ်လို့ ခင်ဗျားအသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကိုလာကြည့်ပါ"
လို့ မှာပြီး ထွက်သွားခဲ့တယ်" လို့ ရေးသားထားတယ်။


သတင်းစာထုတ်ဝေပြီး တစ်လအတွင်းမှာ အင်္ဂလန်က အငြိမ်းစားစစ်သား(၁၂)ဦးရဲ့ဖုန်းကို သတင်းစာတိုက်က လက်ခံ
ရရှိခဲ့တယ်။ ထူးဆန်းတာက ဒီအငြိမ်းစားစစ်သားတွေဟာ အကျဉ်းစခန်းတစ်ခုထဲမှာပဲ အကျဉ်းကျခံခဲ့ရသူတွေဖြစ်တယ်။
သူတို့ကိုလည်း Roddick က သစ်ပင်ကြီးတစ်ပင်အောက်မှာ ထားခဲ့တယ်လို့ဆိုတယ်။ Roddick ကလည်း သူတို့ကို
"တကယ်လို့ ခင်ဗျားအသက်ရှင်ခဲ့ရင် ဒီသစ်ပင်ကိုလာကြည့်ပါ" လို့မှာခဲ့တယ်လို့ ဆိုပါတယ်။


အာရုံခံစားမှုကောင်းတဲ့ သတင်းစာအယ်ဒီတာက သူတို့ပြောတဲ့သစ်ပင်မှာ ထူးခြားမှုတစ်ခုခုရှိနိုင်မယ်ဆိုပြီး အငြိမ်း
စားစစ်သား (၁၃)ဦးနဲ့အတူ အဲဒီသစ်ပင်ကို သွားရှာခဲ့ကြတယ်။ ဆယ်စုနှစ်ကျော်ကြာခဲ့ပြီဆိုပေမယ့် တောတောင်ဝန်း
ကျင်တွေက အရင်အတိုင်းပဲ။ အဲဒီသစ်ပင်ကြီးလည်း ရှိနေပါသေးတယ်။ စစ်သားတစ်ဦးက သစ်ပင်ကိုပွေ့ဖက်ပြီး တွေး
တောစဉ်းစားနေရာက သစ်ပင်နားက သစ်ခေါင်းတစ်ခုကို ရုတ်တရက်သတိထားမိလိုက်တယ်။ သစ်ခေါင်းထဲဝင်ကြည့်
ကြတော့ သစ်ခေါင်းထဲမှာ သံချေးအထပ်ထပ်တက်နေတဲ့သံသေတ္တာတစ်လုံးကိုတွေ့တယ်။ သံသေတ္တာကို သစ်ခေါင်း
ထဲကနေ ခဲရာခဲဆစ်ဆွဲထုတ်ပြီး ဖွင့်ကြည့်တော့ သေတ္တာထဲမှာ ဝါကျင်ကျင် မှတ်စုစာအုပ်တစ်အုပ်နဲ့ ဓာတ်ပုံတစ်ချို့
ကိုတွေ့လိုက်တယ်။ သတင်းထောက်တွေက မှတ်စုစာအုပ်ကို တစ်ရွက်ချင်းလှန်ကြည့်ကြတယ်။


"ဒီကနေ့ စစ်သားတစ်ဦးကို ငါကယ်ထုတ်လိုက်ပြန်ပြီ။ တကယ်လို့ သူအသက်ရှင်ခဲ့မယ်ဆိုရင် ဒါဟာ ၂၈ဦးမြောက်
စစ်သားပဲ..." "ဒီကနေ့ စစ်သားအယောက်(၂ဝ)သေသွားရပြန်ပြီ..." "မနေ့ညက စစ်သားတွေ ငါ့ကိုထိုးနှက်ကြတယ်။
ငါတောင့်ခံပြီးအသက်ရှင်မယ်။ အဖြစ်မှန်ကို ပြောလို့မဖြစ်ဘူး။ စစ်သားတွေအများကြီး ငါကယ်ရဦးမယ်...."
ဒီအချိန်ကျမှ Roddickရဲ့အဖြစ်မှန်ကို လူတွေသိသွားတော့တယ်။ သူကယ်ခဲ့လို့ အသက်ရှင်ကျန်ရစ်ခဲ့တဲ့ အငြိမ်းစား
စစ်သားတွေရဲ့ ပါးပြင်ပေါ်မှာ မျက်ရည်တွေရွဲလို့... လက်စသတ်တော့ အကျဉ်းစခန်းမှာလူအမုန်းခံရဆုံးသူက
သူရဲကောင်းတစ်ဦး ဖြစ်နေခဲ့ပါပေါ့လား!


Roddick ရဲ့မှတ်တမ်းအရ သူကယ်ခဲ့တဲ့ အကျဉ်းကျစစ်သားပေါင်း (၃၆)ဦးရှိပါတယ်။ အခု အသက်ရှင်နေသူက
(၁၃)ဦးရှိခဲ့တယ်။ သူ့ရဲ့မှတ်စုနဲ့ သူခိုးရိုက်ခဲ့တဲ့ နာဇီစစ်သားတွေရဲ့အကျဉ်းသားအပေါ်ရက်စက်ပုံတွေက နာဇီစစ်တပ်
ကို စွဲချက်တင်ဖို့အကောင်းဆုံး သံမဏီသက်သေတစ်ခုဖြစ်ခဲ့တယ်။ သတင်းစာမှာ Roddick ရဲ့အဖြစ်မှန်ကို တင်ပြ
ခဲ့ပါတယ်။ Roddickဟာ သူရဲကောင်းတစ်ဦးဖြစ်လာခဲ့တဲ့အပြင် လူအများက သူ့ကိုသစ်ပင်ကြီးအောက် အရောက်သွား
ပြီး ဂါဝရပြုခဲ့ကြတယ်။


လူတိုင်းလူတိုင်း လှပပြည့်စုံတဲ့ဘဝရှိဖို့ မျှော်လင့်တောင့်တကြတယ်။ တကယ်လို့ လူတစ်ယောက်ဟာ လူအများရဲ့စက်
ဆုပ်ရွံ့ရှာ၊ အထင်သေးတာကို ခံနေရသည့်တိုင် သူ့ယုံကြည်မှုကိုလက်ကိုင်ထားပြီး သူ့ရဲ့သမိုင်းပေးတာဝန်ကို ပြီး
မြောက်အောင်လုပ်ဆောင်ခဲ့ရင် သူ့တစ်သက်က အနှိုင်းမရှိ ထွန်းလင်းတောက်ပမှာ အမှန်ပါပဲ။ အသက်ရှင်နေတုန်း
အလင်းမဲ့ခဲ့ရပေမယ့် အသက်သေဆုံးပြီးတဲ့နောက်မှာတော့ နာမည်က မမေ့မပျောက်ကျန်ရစ်ခဲ့မှာ ဧကန်ဖြစ်ပါတယ်။


post by http://www.facebook.com/photo.php?fbid=345051848898109&set=a.238066752929953.55718.100001798917107&type=1

Sunday, June 10, 2012

ချစ်သူအလှ



ဘ၀အစဖြူလွလွ
သူမအလှကို
မသီကုံးခင်က မွှေးမြနေတယ်

သီကုံးပြီးစ ချစ်သူ့ဆံကေသာအလှမှာ
ဆင်မြန်းပြီးစ မွှေးမြနေတယ်

ဆင်မြန်းလို့ဝ ဖြေချရတော့
မပြစ်ရက်လို့ ထုတ်ပိုးသိမ်းဆဲ
ယွန်းအစ်ထဲမလဲ မွှေးမြနေတယ်

သြော်.. ပန်းခရေရယ်
 နွမ်းကြေနေပေမယ့်
အလွမ်းရဲ့ ရနံတွေနဲ့
မွှေးမြနေဆဲ မွှေးနေဆဲပေါ့ ။  ။


ကြခတ် (ရင်း-၈)

ဓါတ်ပုံမူရင်း http://www.facebook.com/photo.php?fbid=480695458613965&set=a.471107566239421.132150.100000205455195&type=1&theater&notif_t=photo_reply

Friday, June 8, 2012

သော့ပျောက်လူ







သော့ဟောင်းလောင်းနဲ့ ဒီရင်ဘတ်အကြောင်း
နင်ကောင်းကောင်း မသိပါဘူး.....

ရေမကူးတတ်သလို အမြင့်လဲ မတက်ရဲတော့
သဲမမိ ဖျားမရောက်နဲ့...
လုံလောက်စွာ ဇတ်နာခဲ့ရတဲ့ရက်တွေ
များပြီ.....

ဒီလိုနဲ့
လူသေတွေကို အသက်သွင်း
နှုတ်ကပတ်တော် ဓါးတစင်းနဲ့
ခရီးပြင်း နှင်လာခဲ့တယ်....

လူစီဖာရဲ့ အိပ်မက်
တကယ်ပျက်ပြယ်သွားမှ
ချစ်သူ့ထံ သော့တချောင်း
ပြန်တောင်းရမယ်....

ခုတော့...
ဒီသော့ရဲ့ရာဇ၀င် သူမမြင်တာ
မှန်ပါတယ်လေ.....။  ။

ကြခတ် (ရင်း-၈)

Thursday, June 7, 2012

အာဇာနည်မဝင်းမော်ဦး အတ္တုပတ္တိ...





(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကျဆုံးသွားတဲ့ မဝင်းမော်ဦး မိသားစုရဲ့ လက်ရှိအခြေအနေနဲ့ အာဇာနည်မဝင်းမော်ဦး အတ္တုပတ္တိ...

မဝင်းမော်ဦး.. တိုက်ပွဲဝင်ခဲ့တဲ့ ဗိုလ်ချုပ်ပုံပါ.. ဗိုလ်ချုပ်ပုံကို ကိုင်ထားရင်း ကျည်ဆံ ထိမှန်ပြီး ကျဆုံးခဲ့ရပါတယ်..
လက်ရှိ လှိုင်သာယာက မဝင်းမော်ဦးရဲ့ မိဘတွေရဲ့ နေအိမ်ပါ....
မဝင်းမော်ဦးရဲ့ ကျောင်းသားကဒ်လေးပါ..

မ၀င်းမော်ဦး (၂၁)နှစ်ပြည့် အထိမ်းအမှတ်
၁၉.၉.၂၀၀၉ မှာဝေငှတဲ့
အာဇာနည် မ၀င်းမော်ဦး၏ အတ္တုပတ္တိအကျဉ်း
------------------------------------------

အာဇာနည်''မ၀င်းမော်ဦး" ကို အဖ ဦးဝင်းကြု၊အမိ ဒေါ်ခင်ဌေးဝင်း တို့မှ ၁၉၇၂- ခုနှစ်၊နိုဝင်ဘာ( ၁၉ )ရက် ၊ ဗုဒ္ဓဟူးနေ.တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၆ယောက်တွင် သမိး အကြီးဆုံးဖြစ်သည်။ သူမ၏ ဇာတိမှာ ကြည့်မြင်တိုင်မြို.နယ် ၊ ပန်းပင်ကြီးလမ်းတွင် နေထိုင်ခဲ့ပြီး၊ အမှတ်(၄) အလယ်တန်းကျောင်း။ ကြည့်မြင်တိုင်မြို.နယ်တွင် (၈)တန်း ပညာသင်ကြားရင်း ၁၉၈၈ ဒီမိုကရေစီ တိုက်ပွဲကာလ အတွင်းမှာ ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂ တွင်တက်ကြွ စွာပါဝင်ခဲ့ပြီး ကျရာတာဝန်ကို ထမ်းဆောင်ခဲ့သည်။ ၁၉၈၈ ခုနှစ် ၊စက်တင်ဘာလ ၁၉ရက်နေ. ဒီမိုကရေစီတိုက်ပွဲဝင် ကျောင်းသားထုနှင့်အတူ မိမိကျောင်း၏ ကျောင်းသားသမဂ္ဂ ဆိုင်းဘုတ်အောက်တွင် ''ဗိုလ်ချုပ်အောင်ဆန်း" ဓါတ်ပုံ ကိုင်ဆောင်ပြီး စိတ်ဓါတ်တက်ကြွစွာ ချီတက်ဆန္ဒပြ ခဲ.သည်

ထိုအချိန် ဆူးလေဘုရားလမ်းနှင့် ကုန်သည်လမ်းထောင့် အရောက် အဏာပိုင် တို့၏ ပြစ်ခတ်မှုကြောင့် သူမ၏ခြေသလုံး(ဘယ်)၊ ပေါင်(ဘယ်)တို့ ကျည်ဆန်မှန်ခဲ့သည်။ ထိုအချိန် ကျောင်းနေဘက်တို့မှ ၀င်းမော်ဦး အား ၀ပ်နေရန် လှမ်းအော်သည့်အခါ ၊ဗိုလ်ချုပ်ပုံကိုင်ဆောင် ပြီး ဒူးထောက်နေသော ၀င်းမော်ဦးက ''မ၀ပ်ဘူး ငါဝပ်လိုက် ရင် ဗိုလ်ချုပ်ပုံ မြေခလိမ့်မယ်၊ ဗိုလ်ချုပ်ပုံမြေခရင် ငါတို့ ရှုံးတာပဲ''ဟု ပြန်အော်ခဲ့သေးသည်။ ထို့နောက်အာဏာပိုင်တို့၏ ဆက်လက် ပစ်ခတ်မှု တို့ကြောင့် ကြိုးစား ဒူးထောက်နေသော မ၀င်းမော်ဦး ၏ ညာဘက် လက်မောင်းဘေးမှ ဖေါက်ပြီး ခန္ဓာကိုယ်အတွင်းထိ ကျည်ဆန်ဝင်ခဲ့သည်။ ၄င်းနေရာတွင်ပုန်းခိုနေရာမှ ကယ်ဆယ်ရေး ဆရာဝန်( ၂ )ဦး မှာနေ.လည် ၁၂း၃၀ နာရီ နှင့် ၀၁း၀၀ နာရီ လောက်မှ ကယ်ဆယ်ခွင့်ရခဲ့သည်။ ၄င်းကယ်ဆယ်ခဲ့သူ ခေါင်းဖက်မှမသူ ဆရာဝန်လောင်းကိုဇော်ဝင်း အား "သမီးကို ကယ်ပါ" သူ.နှုတ်ခမ်းမှ ပြောဆိုသည့်စကားကို ကိုဇော်ဝင်းမှ ပြောမှ သိခဲ့ရပါသည်။ ခြေရင်းမှမတာ ဆရာဝန်လောင်းကိုစောနိုင် ဟုလည်းပြောပါသည်။

သူမဆေးရုံရောက်သည်အထိ ၊မိဘများထံ တယ်လီဖုန်းဆက်ရန်၊ ဖုန်းနံပါတ် ကိုလည်း သူမ ကိုယ်တိုင်ပေးခဲ့သည်။ မိဘ၊ ဦးလေး၊ ဘကြီးတို့ ဆေးရုံသို့ လိုက်သွားသည့် ၃း၀၀ နာရီလောက်တွင် အရေးပေါ်ဌာန၌ စုံစမ်းခဲ့ရာ (၃+၄) အခန်းသို့ တင်လိုက်ကြောင်း ပြောသဖြင့် လိုက်ရှာခဲ့ပါသည် မတွေ့ရပါ။ သမီးဇောနှင့်ဆေးရုံတခုလုံး လိုက်ရှာသော်လည်းမတွေ.ပါ။ အရေးပေါ်ဌာနသို့ ပြန်စုံစမ်း ကြည့်မှ သူမအား ကိုယ်တိုင်ခွဲစိတ်ကုသပေးခဲ့သော ''ဆရာဝန်ကြီး ဦးညွန့်ဝင်းမြင့်" နှင့်တွေ့ဆုံမှ (၃+၄)အခန်းက အသည်းအသန်ခန်းတွင် ရှိကြောင်းပြောသဖြင့် သွားကြည့်မှတွေ့ခဲ့ရပါသည်။ သူမအား အနီးကပ် စောင့်ရှောက်ပေးနေသော သူနာပြုဆရာမ အားဝင်ရောက်မေးမြန်းရာ မ၀င်းမော်ဦး ဖြစ်ကြောင်း သူနာပြုဆရာမက သူမ၏ ဆေးမှတ်တမ်းအား ထုတ်ပြခဲ့ပါသည်။ သို့ပေမယ်. မိဘများရောက်လာသည်အထိ မေ့ဆေးမပြယ် သေးသဖြင့် သတိမရသေးပါ။ သူမမေ့နေချိန်၌ လူခွဲပြီး အိမ်ကို သူမအခြေအနေပြောရန် လူလွတ်ရပါသည်။ အချိန်မကြာပါ သူနာပြုဆရာမ မှခေါ်ပြီး သူမတွင် အသက်မရှိတော့ကြောင်း ပြောပါသည်။

"မ၀င်းမော်ဦး" သည် ၁၉.၉.၀၉ -ခုနှစ် ညနေ ၅း၃၅ နာရီတွင် မြန်မာပြည်သူလူထု၏ ဒီမိုကရေစီရေးအတွက် ကိုယ်ကျိုးမဖက် အသက်ပေးလှူခဲ့ပါသည်။

(နိုင်ငံသူနိုင်ငံသားအချင်းချင်း ၊ ကမ္ဘာသူကမ္ဘာသားအချင်းချင်း ၊ သက်ရှိအချင်းချင်း မေတ္တာထား ဆက်ဆံခြင်းဖြင့် ကမ္ဘာမြေတ၀ှမ်း အကြားမလပ် ငြိမ်းချမ်းသာယာကြပါစေ)

ပေးပို့ပေးသူအား အထူးကျေးဇူးတင်ပါသည်...။


မီးမသဂြိုလ်ခင်မှာ နောက်ဆုံး တွေ့ရတဲ့ အာဇာနည် မဝင်းမော်ဦးရဲ့ နောက်ဆုံးပုံပါ...

ဓာတ်ပုံ ပေးပို့သူ BP နှင့် blue.peaceforu အားကျေးဇူးတင်ပါသည်...။

(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ ကျဆုံးသွားခဲ့ရတဲ့.. မ၀င်းမော်ဦး နှစ်ပတ်လည်များအား အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ တာဝန်ယူ ဆောင်ရွက်ပေးနေပါသည်။ မ၀င်းမော်ဦးမိသားစုသည် တချိန်က ကြည့်မြင်တိုင်မြို့နယ်တွင် နေထိုင်ခဲ့ပြီး အာဏာပိုင်တို့၏ အနှောက်အယှက် ပေးခဲ့မှုကြောင့် မိသားစုများ ဒုက္ခရောက်ပြီး မိသားစုလိုက် လှိုင်သာယာသို့ ပြောင်းရွှေ့နေထိုင်ခဲ့ရပါသည်။ ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ မဝင်းမော်ဦး မိသားစုအား လေ့လာချက်အရ အထက်ပါ.. အိမ်ကလေးတွင် လူအမြောက်အများ ဆင်းရဲနွမ်းပါးစွာ နေထိုင်နေကြရပါသည်။ ထိုကြောင့် မ၀င်းမော်ဦး နှစ်ပတ်လည် ကျင်းပရန်လဲ ခက်ခဲခဲ့ပါသည်။ နောက်ပိုင်းနှစ်များအား ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှား သူများမှ ဖိတ်စာမှစပြီး တာဝန်ယူ ဆောင်ရွက်ခဲ့ရသည်။ မ၀င်းမော်ဦး၏ တိုင်းပြည်နှင့်လူမျိုးအတွက် စွန့်လွှတ် အနစ်နာခံခဲ့မှုအား အသိအမှတ် ပြုသူများအနေဖြင့် အာဇာနည် ကျောင်းသူ မ၀င်းမော်ဦး၏ နှစ်ပတ်လည် နှစ်စဉ်နှစ်တိုင်း ဖြစ်မြောက်ရေးအား ၀ိုင်းဝန်းကူညီကြပါရန် ... ကျွန်တော်တို့ အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။ blue.peaceforu@gmail.com , skype-shwekyaungtharr 0044-07915157660shwekyaungtharr@gmail.com သို့ဆက်သွယ် ဆောင်ရွက်နိုင်ပါသည်

အကြမ်းမဖက်အမျိုးသားလှုပ်ရှားသူများ
(မြန်မာနိုင်ငံ)
Ma Win Maw Oo
(၁၉)ရက် (၉)လ (၁၉၈၈)ခုနှစ်က ကြည့်မြင်တိုင်မြို့နယ်မှ စစ်အာဏာ ပါးကွက်သားတွေရဲ့လက်ချက်နဲ့ ကျဆုံးသွားခဲ့ရတဲ့.. မောင်တင်ထွန်း. မဝင်းမော်ဦးနှင့် မောင်သန်းဋ္ဌေး
အင်မတန်ကြေကွဲဖွယ် ကောင်းတဲ့ အဖြစ်အပျက်ပါ.. ခံစားချက်များစွာနဲ့ ရှစ်လေးလုံး အရေးတော်ပုံကြီးကို ပြန်ပြောင်းသတိရရင်း အာဇာနည် မ၀င်းမော်ဦးရဲ့ အတ္တုပတ္တိကို ဖတ်လိုက်ရပါတယ်။ နှစ်စဉ်နှစ်တိုင်း စစ်အာဏာရှင် စံနစ်အောက် ထပ်မံကျရောက် ခဲ့ရသည့်.... စစ်အာဏာသိမ်း နှစ်ပတ်လည်နေ့ ဖြစ်သည့် (၁၉)ရက် (၉)လ ရောက်တိုင်း မဝင်းမော်ဦး အတွက် ဆွမ်းသွပ်တရားနာပွဲ ကျင်းပ ပြုလုပ်ခဲ့ကြသော်လည်း... မဝင်းမော်ဦး မသေဆုံးခင် ပြောသွားခဲ့တဲ့ မြန်မာပြည်မှာ ဒီမိုကရေစီရမှ သူ့အတွက် အမျှဝေပေးပါလို့ ရင်နင့်ဖွယ် မှာကြားသွားခဲ့တဲ့အတွက်.. ယခုအချိန်အထိ မဝင်းမော်ဦးအတွက် အမျှမပေးနိုင်သေးတာ (၂၂)နှစ်ရှိနေပါပြီ.... မဝင်းမော်ဦး ကိုအမျှပေးဝေနိုင်ဖို့ ကျွန်တော်တို့ အားလုံး မစွမ်းဆောင်နိုင်သေးပါဘူး.. မဝင်းမော်ဦး ကောင်းရာ သုဂတိလားပါစေ...။

ဒီမိုဝေယံ...
http://www.demowaiyan.co.cc/2010/08/blog-post_3605.html